ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် တိုက်ပွဲဝင်ဖို့ ကျူးဘားနိုင်ငံသားတွေကို လူကုန်ကူးတဲ့ လူမှောင်ခိုဂိုဏ်းတခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်မှာ ပြောလိုက်ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်အချက်အလက် နည်းနည်းသာ ဖော်ပြထားပေမဲ့ လူကုန်ကူးမှု ကွင်းဆက်ဟာ ကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားနိုင်ငံအတွင်း ဖြစ်ပွားခဲ့တာပါ။
လူမှောင်ခိုဂိုဏ်းဟာ မော်စကိုမြို့တော်ကနေ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ ကျူးဘားနိုင်ငံမှာရော ရုရှားနိုင်ငံမှာပါ လည်ပတ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ ကျူးဘားနိုင်ငံသားတွေကို တွန်းအားပေးမှုအတွက် တရားစွဲဖို့ အမှုတည်ဆောက်တာတွေ စတင်နေပြီလို့ ကျူးဘားက ပြောပါတယ်။
ကျူးဘားနိုင်ငံရဲ့ မြို့တော် ဟာဗားနားရဲ့ လမ်းမတွေပေါ်မှာ တွေ့ရတဲ့ ဒေသခံတွေက ဒီတွေ့ရှိချက်အပေါ် စိတ်ပျက်လက်ပျက် တုံ့ပြန်ခဲ့ကြရင်း သူတို့နိုင်ငံဟာ လူကုန်ကူးမှုကို ဆန့်ကျင်တယ်လို့ ပြောခဲ့ကြပါတယ်။
Source/Photo-Reuters