မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ လယ်ယာထွက်ကုန်တွေနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို စစ်တွေ ကုန်သွယ်ရေးစခန်းကသာ တင်ပို့ရမယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို စစ်တွေကုန်သွယ်ရေးစခန်းကသာ တင်ပို့ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဉီးစီးဌာနက သတ်မှတ်လိုက်တာပါ။
အခုဘဏ္ဍာနှစ် ဧပြီကနေ သြဂုတ် ၂၅ ရက်အထိ ၅ လတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၁၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၃၆ သန်းနဲ့ စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၄ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူမှာ စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၇၃ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တာကြောင့် အခုနှစ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ထက်ဝက်လျော့ကျခဲ့ပါတယ်။