စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ စက်တင်ဘာ ၄ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၁၆၂ ဦးကို ကယ်တင်ခဲ့ပြီး သူတို့စီးနင်းလာတဲ့ သစ်သားလှေကို ဂရန်းကနေရီယာကျွန်းရှိ အာရ်ဂင်နက်ဂင်န် ဆိပ်ကမ်းဆီကို ဆွဲခေါ်လာခဲ့ပါတယ်။
အမျိုးသမီး ၅ ဦးနဲ့ အရွယ်မရောက်သေးသူ ၁၂ ဦးတို့ ပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဂရန်းကနေရီယာတောင်ဘက် ၃ မိုင်လောက်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အနောက်အာဖရိကကမ်းလွန် အတ္တလန္တိတ်သမုဒ္ဒရာရှိ ကနေရီကျွန်းတွေဟာ စပိန်နိုင်ငံကို ရောက်ရှိဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အဓိကဦးတည်ရာ ဖြစ်လာခဲ့ပြီး သူတို့ထဲက အလွန်နည်းပါးတဲ့ အရေအတွက်ကတော့ စပိန်ပြည်မကြီးကို ရောက်ရှိဖို့အတွက် မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးပမ်းနေကြတာပါ။
ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး လမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ အတ္တလန္တိတ် ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းကို ဥရောပကိုရောက်ရှိဖို့ ကြိုးပမ်းနေတဲ့ ဆာဟာရ အာဖရိကခွဲမှ ရွှေ့ပြောင်းနေထိုင်သူတွေ အသုံးပြုလေ့ရှိပြီး အထူးသဖြင့် နွေရာသီ ပိုသာယာတဲ့ ရာသီဥတု အခြေအနေမှာ အသွားများကြပါတယ်။
Source/Photo-Reuters