တောင်အာဖရိကမှာရှိတဲ့ လက်နက်တွေကို မနှစ်နှောင်းပိုင်မှာ ရုရှားသင်္ဘောတစ်စင်းက သယ်လာတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို စုံစမ်းမေးမြန်းရာမှာ သင်္ဘောက ရုရှားနိုင်ငံဆီ လက်နက်တွေ သယ်ဆောင်လာခဲ့တဲ့ အထောက်အထားမတွေ့ရဘူးလို့ တောင်အာဖရိကသမ္မတ စီရေးလ် ရာမာဖှိုဆာက စက်တင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားကို လက်နက်တွေ ထောက်ပံ့မှုနဲ့ ပတ်သက်တဲ့ ဘယ်စွပ်စွဲချက်တွေမဆို မှန်ကန်ကြောင်း သက်သေမပြနိုင်သေးပါဘူးလို့ ရာမာဖှိုဆာက နိုင်ငံအတွက်ပြောတဲ့ မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။
“လက်နက် တင်ပို့ခွင့်ကို ခွင့်မပြုသလို လက်နက် တင်ပို့ခွင့်လည်း မရှိဘူး” လို့လည်း သူက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရူဘင်ဘရီဂတ်တီက ရုရှား ကုန်တင်သင်္ဘော Lady R ဟာ ဒီဇင်ဘာလတုန်းက Cape Town မြို့နားက ရေတပ်အခြေစိုက်စခန်းထဲမှာ လက်နက်တွေကို တင်နေခဲ့တယ်လို့ မေလတုန်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေသခံသတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ ထိုးစစ်အတွင်း ဘက်မလိုက်မှုနဲ့ ကြားနေရေးလို့ နာမည်ခံထားတဲ့ တောင်အာဖရိကရဲ့ ရပ်တည်ချက်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်နိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ အမေရိကန်ရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့လို့ မေးခွန်းထုတ်စရာတွေ များလာခဲ့ပါတယ်။
ရာမာဖိုဆာ အစိုးရသည် အငြိမ်းစား တရားသူကြီးတစ်ဦး ဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တရပ်ကို စတင်လုပ်ဆောင်ရင်း အမေရိကန်ရဲ့ အခိုင်အမာ ပြောဆိုချက်တွေကို တောင်အာဖရိက တာဝန်ရှိသူတွေက အမြန်ငြင်းဆိုခဲ့ပါတယ်။
Source/Photo-Reuters