ကင်မရွန်းလက်ရွေးစင်အသင်းမှာ ပြန်လည်ကစားမယ့် ဂိုးသမားအိုနာနာဟာ မန်ယူအသင်းရဲ့ပွဲစဉ် ၇ ပွဲလောက်ကို လွဲချော်ဖို့ ရှိနေပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ နည်းပြဖြစ်သူနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ ကင်မရွန်းအသင်းမှာ ကစားခွင့်မရရှိခဲ့တဲ့ အိုနာနာဟာ လာမယ့် နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာတော့ လက်ရွေးစင်အတွက် ပြန်လည်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကင်မရွန်းအသင်းဟာ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲမှာ ဘူရွန်ဒီနဲ့ ကစားရမှာဖြစ်ပြီး သရေကစားရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာပါ။
အာဖရိက ဖလားကို လာမယ့် ဇန်နဝါရီမှာ ကျင်းပသွားမှာဖြစ်လို့ ကင်မရွန်းအသင်းက ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆိုရင် ဂိုးသမား အိုနာနာအနေနဲ့ မန်ယူအသင်းရဲ့ ပွဲစဉ် ၇ ပွဲအထိ လွဲချော်ဖို့ရှိလာခဲ့တာပါ။
မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီလမှာ စပါး၊ ဝုဗ်၊ ဝက်စ်ဟမ်း၊ အက်စတန်ဗီလာအသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး လိဂ်ရှုံးထွက်ဖလားပွဲစဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်။
Photo-Reuters