ဘောလုံးလက်ခံရရှိချိန်မှာ အဆင်သင့်ဖြစ်နေဖို့ နောက်ခံလူ မက်ဂွဲယားကို ဂိုးသမားအိုနာနာ က တိုက်တွန်းသွားပါတယ်။
ဒေါ့မွန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမားအိုနာနာက မက်ဂွဲယားဆီကို ဘောလုံးပေးပို့ရာမှာ နားလည်မှုလွဲမှားခဲ့ပြီး ဒေါ့မွန်အသင်းက ဂိုးသွင်းသွားခဲ့တာပါ။
အဲဒီပွဲစဉ်အပြီး မန်ယူတီဗီနဲ့ အင်တာဗျူးတစ်ခုမှာ မက်ဂွဲယားနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး သူဘောလုံး လက်ခံရရှိချိန်မှာ မက်ဂွဲယားဘက်က အဆင်သင့်ဖြစ်နေဖို့သာလိုအပ်ကြောင်း အိုနာနာက ပြောပါတယ်။
“ဟယ်ရီမက်ဂွဲယားက ကောင်းမွန်တဲ့ကစားသမားဖြစ်တာကြောင့် သူ့ဆီကနေ အများကြီး တောင်းဆိုဖို့ ကြိုးစားပါတယ်။ သူက အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ သန်မာပြီး ဘောလုံးနဲ့အတူကစားနိုင်တာကြောင့် တောင်းဆိုမှုများရတာဖြစ်တယ်။ ကျနော် ဘောလုံးလက် ခံရရှိချိန်မှာ သူ့အနေနဲ့ အဆင်သင့်ရှိဖို့ပဲလိုပါတယ်။”
အမှားလုပ်မိမှာကို ကြောက်နေဖို့လည်း မလုပ်အပ်ကြောင်းနဲ့ အမှားတွေရှိမှသာ သင်ခန်းစာရယူနိုင်မှာဖြစ်ကြောင်း ဂိုး သမားအိုနာနာက ပြောသွားပါတယ်။