ကင်မရွန်းအသင်းဟာ နောက်ကျပြီးမှ အသင်းနဲ့ ပူးပေါင်းခဲ့သူ ဂိုးသမားအိုနားနားကို အုပ်စုအဖွင့်ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
ကင်မရွန်းအသင်းဟာ တနင်္လာနေ့က အာဖရိကဖလားအုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဂီနီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုးစီသရေကျခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အသင်းဆီကို နောက်ကျပြီးမှ လာရောက်ပူးပေါင်းခဲ့သူ ဂိုးသမားအိုနားနားကို လူစာရင်းမှာ ထည့်သွင်းခြင်းမရှိဘဲ အရန်ဂိုးသမား အွန်ဒိုအာကို အသုံးပြုခဲ့တာပါ။
အိုနာနာ လိုက်ပါလာတဲ့ ပုဂ္ဂလိက လေယာဉ်ဟာလည်း ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲကျင်းပရာ အိုင်ဗရီကို့စ်နိုင်ငံဆီကို နောက်ကျပြီးမှ ရောက်ရှိခဲ့ပါတယ်။
အိုနားနားဟာ အသင်းဆီကို ဇန်နဝါရီပထမအပတ်ကတည်းက ပူးပေါင်းရမှာဖြစ်ပေမဲ့ မန်ယူအသင်းရဲ့ အက်ဖ်အေဖလားပွဲစဉ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပါဝင်ကစားခဲ့တာပါ။
ကင်မရွန်းအသင်းမှာ အဖွင့်ပွဲစဉ်ကို ပွဲထွက်ခဲ့တဲ့ ဂိုးသမားအွန်ဒါအာအပြင် တခြား အရန်ဂိုးသမားနှစ်ဦးကိုလည်း အရန်စာရင်းမှာ ထည့်သွင်းခဲ့ပြီး အိုနားနား ပူးပေါင်းချိန်မှာ ဂိုးသမား ၄ ဦး အထိရှိနေမှာ ဖြစ်ပါတယ်။
Photo-Reuters