ရိုမေးနီးယားနိုင်ငံမှာ သြဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် 2023 IESF World Championship Dota2 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် Dota2 အသင်းဟာ စက်တင်ဘာ ၃ ရက်က ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ မွန်ဂိုလီးယား လက်ရွေးစင်အသင်းကို ပထမပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ၂ ပွဲဆက်တိုက် ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။
မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဖိလစ်ပိုင်၊ အီကွေဒါ၊ ယူကရိန်း၊ အမေရိကန်၊ ဂျော်ဒန် နဲ့ ကာဇက်စတန် အသင်းတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
2023 IESF World Championship Dota2 ပြိုင်ပွဲမှာ Yangon Galacticos အသင်းက မြန်မာ့လက်ရွေးစင် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ကစားသမားတွေအဖြစ် အောင်မြတ်စိုး၊ သီဟကျော်စွာ၊ ကောင်းဆက်ဟိန်း၊ မင်းခန့်မောင်မောင်နဲ့ ဇော်ရိန်ဆိုင်းအောင်တို့ ပါဝင်ကစားခဲ့ပါတယ်။
ငွေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ရရှိခဲ့ပါတယ်။