Home
နိုင်ငံတကာ
အင်တာနက်ဆယ်လီ အန်ဒရူး တိတ်(ထ်) ၏ နေအိမ်ကို ရိုမေးနီးယားရဲတပ်ဖွဲ့ စီးနင်း
DVB
·
August 22, 2024
Photo-Reuters

ရိုမေးနီးယားရဲတပ်ဖွဲ့ဟာ အင်တာနက်ဆယ်လီ အန်ဒရူး တိတ်(ထ်) ရဲ့ နေအိမ်ကို သြဂုတ် ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒါဟာ လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမှုအသစ် တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ လူသိများသူရဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

မိန်းမမုန်းတီးရေးဝါဒီလို့ သူ့ကိုယ်သူ တံဆိပ်ကပ်ထားတဲ့ တိတ်(ထ်) ဟာ သူ့ရဲ့ အလွန်အကျွံ မဟာဖိုဝါဒီ လူနေမှုပုံစံကို မြှင့်တင်ကာ အမျိုးသမီးတွေကို နှိပ်ကွပ်ရှုတ်ချပြီးတော့ သန်းပေါင်းများစွာသော ပရိသတ်တွေကို ရရှိခဲ့တာပါ။

သူ့ကို အစ်ကိုဖြစ်သူ ထရစ်စ်တန်နဲ့ သံသယရှိသူ ရိုမေးနီးယားအမျိုးသမီး ၂ ဦးနဲ့အတူ လူကုန်ကူးမှု၊ မုဒိမ်းမှုနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ရာဇဝတ်ဂိုဏ်း တည်ထောင်မှုတို့အတွက် ၂၀၂၃ နှစ်လယ်ပိုင်းမှာ စွဲချက်တင်ခံခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ကတော့ စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

တိတ်(ထ်) ရဲ့ ကိုယ်စားလှယ်တွေက“ရှာဖွေဝရမ်းပါ စွပ်စွဲချက်တွေကို အပြည့်အစုံ မရှင်းလင်းသေးပေမဲ့ လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှု သံသယတွေ ပါဝင်တယ်” လို့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ရိုမေးနီးယားရဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးရုံး (DIICOT) က အီလ်ဖှို့ခရိုင်နဲ့ ဘူခါရက်စ် မြူနီစီပယ်အတွင်း နေအိမ်ရှာဖွေဝရမ်း ၄ ခုကို ပြုလုပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာ ရာဇဝတ်ဂိုဏ်းဖွဲ့မှု၊ အရွယ်မရောက်သေးသူတွေကို လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အရွယ်မရောက်သေးသူနဲ့ လိင်ဆက်ဆံမှု၊ ထုတ်ပြန်ချက်တွေနဲ့ အသာစီးယူမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုကျူးလွန်မှု ဆိုင်ရာတွေနဲ့ စပ်လျဉ်းပြီး ပါဝင်ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လတုန်းက ရိုမေးနီးယားတရားရုံးတရုံးဟာ လူကုန်ကူးမှုစွဲချက်နဲ့ တရားခွင်ကို စောင့်ဆိုင်းနေချိန်မှာ ဥရောပသမဂ္ဂအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုထားခဲ့တဲ့ အစောပိုင်းစီရင်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024