တိုင်ဖွန်းမုန်တိုင်း ဆောင်လာဟာ သီတင်းပတ်ကုန်ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ ငွေကြေးဈေးကွက်တွေကို ပိတ်ထားရတယ်လို့ တရုတ်အစိုးရပိုင် CCTV က စက်တင်ဘာ ၃ ရက်မှာ ထုတ်လွှင့်ပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်လာတဲ့ ဆောင်လာဟာ ၁၉၄၉ ခုနှစ်ကတည်းက ခုထိ တရုတ် တောင်ပိုင်းပြည်နယ်ကို အန္တရာယ်ပေးနိုင်တဲ့ အပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်လာပြီး လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်ထက် ပိုများခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း အားပျော့သွားပြီးတဲ့နောက် ကွမ်တုံပြည်နယ်မှာရှိတဲ့ မီးရထားနဲ့ လေကြောင်းလိုင်းတွေကို ဖြည်းဖြည်းချင်း ပြန်လည်စတင်ခွင့်ပြုခဲ့တယ်လို့ CCTV က ပြောပါတယ်။
ဆောင်လာဟာ အနောက်မြောက် ပစိဖိတ်သမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်း သုံးခုထဲက တခုပါ။ သူ့နောက်က ကပ်လိုက်လာတဲ့ တိုင်ဖုန်းမုန်တိုင်း ဟိုင်ကွေ့ဟာ တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ဆီ မထွက်ခွာမီ ထိုင်ဝမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
Source/Photo-Reuters