တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေ့ဟာ ဩဂုတ် ၅ ရက် မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်မယ်လို့ ခန့်မှန်းထားတယ်လို့ အမျိုးသားမိုးလေဝသဌာန(NMC)က ပြောပါတယ်။
ဟိုက်ကွေ့ဟာ ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တခုကနေ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်း လာခဲ့ပြီး မွန်းလွဲပိုင်းမှာ ထိုင်ဝမ်ကျွန်းဆီ ရောက်လာတာကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းဟာ ၁ နာရီကို ၁၅ ကနေ ၂၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ဆီ ရွေ့လျားနေတာပါ။
တနင်္လာ အစောပိုင်းမှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရင်း တရုတ်ကုန်းမကြီးက ဖှုကျန်းနဲ့ ကွမ်တုံပြည်နယ်တို့က ကမ်းရိုးတန်း ဒေသတွေကနေ ကုန်းတွင်းပိုင်းဆီ အင်္ဂါမွန်းလွဲပိုင်းလောက်မှာ ဦးတည်တိုက်ခတ်မယ်လို့ ခန့်မှန်း ထားပါတယ်။
ဖှုကျန်း၊ ကွမ်တုံနဲ့ ကျဲ့ကျန်း ပြည်နယ်တွေအပါအဝင် ဟိုက်ကွေ့ရဲ့ လမ်းကြောင်းမှာရှိတဲ့ ကမ်းရိုးတန်းဒေသ အားလုံးဟာ နီးကပ်လာပြီဖြစ်တဲ့ မုန်တိုင်းကို ကာကွယ်ဖို့ လိုအပ်တာတွေကို ကြိုတင် ပြင်ဆင်ထားကြပါတယ်။
Source/Photo-Reuters