လီဗာပူးနောက်ခံလူ အာနိုးလ်ရဲ့ တံကောက်ကြောဒဏ်ရာမပြင်းထန်ဖို့ နည်းပြယာဂန်ကလော့ပ်က မျှော်လင့်နေပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဗီလာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ ပွဲချိန် ၇၁ မိနစ်မှာလူစားလဲခံခဲ့ရတာပါ။
လူစားလဲလှယ်ချိန်မှာ အာနိုးလ်ရဲ့ပြောစကားအရ တံကောက်ကြောဒဏ်ရာဖြစ်ကြောင်းနဲ့ ပြင်းထန်မှုမရှိနိုင်ကြောင်း သိရရှိပေမဲ့ အသေးစိတ် စစ်ဆေးပြီးမှသာ အခြေအနေအမှန်ကို သိရမှာဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ မှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အာနိုးလ်ရဲ့ဒဏ်ရာကလွဲရင် ပြီးပြည့်စုံတဲ့နိုင်ပွဲဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
အာနိုးလ်ဟာ တနင်္လာနေ့မှာ ဒဏ်ရာကိုအခြေအနေကို စစ်ဆေးသွားဖို့ရှိပြီး ပြင်းထန်မယ်ဆိုရင်တော့ အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်သွားရဖို့ရှိပါတယ်။
Photo-Reuters