Home
မြန်မာသတင်း
ဖားကန့်တွင် ဓာတ်ကြိုးခိုးသူ ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
September 3, 2023
374272814_318965143933726_1194004558366122416_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၃ ရက် ဒီနေ့ မနက်ပိုင်းက ထရန်စဖော်မာပုံးပေါ်ကို မီးကြိုးတက်ဖြုတ်ခိုးယူသူ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးသွားပါတယ်။

ဆိပ်မူကျေးရွာမှာ ဓါတ်မီးကြိုးတွေ မကြာခဏပျောက်ဆုံးနေပြီး သင်္ခါ လူမှုကူညီရေးအသင်းရုံးနား ထရန်စဖော်မာပုံးက ဓာတ်မီးကြိုးတက်ရောက်ဖြုတ်ခိုးယူသူ အမည်မသိ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က "မနက် မီးပျက်နေတုန်းက ထရန်စဖော်မာပုံးပေါ် မီးကြိုးတက်ဖြုတ်ပြီး ခိုးတာ။  ကြိုးထဲ လျှပ်စစ်ရှိနေလားမသိဘူး။ ဓာတ်လိုက်ပြီး သေသွားတယ်။ အတင်း ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်မသွားဘူး ဘယ်သူမှန်းလဲ မသိရသေးဘူး" လို့ ပြောပါတယ်။

အဲဒီ အမျိုးသားကို               သင်္ခါ လူမှုကူညီရေးအသင်း မော်တော်ယာဉ်နဲ့  ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူဟာ ဘယ်သူလဲဆိုတာကိုတော့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေ အရင်ကထက် ပိုများလာပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ အနုကြမ်းစီးမှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ အတော်များများကို အရေးမယူနိုင်ခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024