Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီး ၁ စင်း မီးလောင်ပျက်စီး
DVB
·
September 3, 2023
374473034_1639746809848141_1995772414871520099_n

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘော ၁၁ စင်း တိုက်ခိုက်ခံရပြီး ၁ စင်း မီးလောင်ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ နေလယ် ၂ နာရီကနေ ၃ နာရီကျော်အထိ စစ်ကောင်စီသင်္ဘောတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာပါ။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ကုန်တင်ဖလက် သင်္ဘော ၈ စင်း၊ တွန်းသင်္ဘော ၂ စင်း၊ စစ်သင်္ဘော ၁ စင်းတို့ဟာ မန္တလေးမြို့ကနေ မုံရွာဘက်ကို ဆန်တက်လာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ (One Star Task Force) နဲ့ တပ်ခွဲ ၃ (သမန်းကျား)၊ တပ်ခွဲ ၄ (SRE)၊ ဆားလင်းကြီး GZ Local Defence Force၊ YDF ပူးပေါင်းအင်အားစုတို့ ပါဝင်ခဲ့ပါတယ်။

One Star task force ခေါင်းဆောင် ဗိုလ်ကျော်ကြီးက “သင်္ဘောယာဉ်တန်းကို လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရှေ့ထွက်မိုင်းနဲ့ပစ်တော့ ဖလက်သင်္ဘော တစ်စင်း မီးလောင်ပျက်စီးခဲ့တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးတော့ မသိရပါဘူး။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ချင်းတွင်းမြစ်ကြောင်းတလျှောက် ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေး တိမ်းရှောင် နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024