ဟေတီနိုင်ငံမှာ နိုင်ငံသား ရာပေါင်းများစွာဟာ မြို့တော်ရဲ့ အဓိကရင်ပြင်တစ်ဝိုက်မှာ စက်တင်ဘာ ၁ ရက်က စခန်းချခဲ့ကြပါတယ်။
လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ညတွင်းချင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာခဲ့လို့ မငြိမ် မသက်ဖြစ်ရပ်တွေ ပိုမိုနက်ရှိုင်းလာနေတဲ့ လက္ခဏာ တရပ်အဖြစ် ဟေတီနိုင်ငံသား ရာချီဟာ မြို့လယ်မှာ စခန်းချခဲ့ကြ ပါတယ်။
ရေနယ်ဒက်စ်တီနာ ဦးဆောင်တဲ့ ဂရန်းရာဗင်းန် ဂိုဏ်းဟာ လူနေထူထပ်တဲ့ ကာဖှူး ဖဲယ် ရပ်ကွက်ကို သီတင်းပတ် အတော်ကြာအောင် ဝိုင်းရံထားခဲ့ပြီး အကူအညီပေးရေးဝန်ထမ်းတွေကို ဆုတ်ခွာခိုင်း ခဲ့တာပါ။ ထောင်နှင့်ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အရင်းအမြစ် နည်းပါးတဲ့ ရဲတွေဟာ အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူပေါင်း ၁၀,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ဟေတီ တော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံတွေ တည်ရှိရာ မြို့တော်ရဲ့ အဓိက ရင်ပြင်မှာ လူအများ စခန်းချ နေထိုင်ကြတာဟာ ၂၀၁၀ ငလျင်ကြီး လှုပ်ပြီးသည့် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဟေတီနိုင်ငံအတွင်း အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပဋိပက္ခကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပြန်ပေးဆွဲမှု၊ လုယက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြားမှာ ဇန်နဝါရီလကတည်းက ခုထိ လူပေါင်း ၂,၅၀၀ လောက် သေဆုံးပြီး အယောက် ၁,၀၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
Source/Photo-Reuters