ဘိုလီးဗီးယာနိုင်ငံဟာ ကိုကင်းထုတ်လုပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ကိုကာအရွက်တွေကို စိုက်ပျိုး ထုတ်လုပ်တဲ့ သယ်ယူပို့ဆောင်ရေးဗဟိုချက်မျှသာ မဟုတ်တော့ဘဲ ကိုကင်းထုတ်လုပ်တဲ့ အချက်အချာ ဖြစ်လာနေပြီလို့ ဘိုလီးဗီးယားအစိုးရက အသိအမှတ်ပြုခဲ့ပါတယ်။
ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတို့နဲ့အတူ ဘိုလီးဗီးယားနိုင်ငံဟာ ကိုကင်းအတွက် အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာရွက်ကို ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထား ရပေမယ့် စားသုံးဖို့ အဆင်သင့်ဖြစ်နေတဲ့ ကိုကင်းထုတ်လုပ်မှုကို အစိုးရက ကာလရှည်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။
လက်ဝဲဝါဒီသမ္မတဟောင်း အီဗိုမိုရေးစ်ရဲ့ အမာခံနယ်မြေဖြစ်ပြီး ကိုကာစိုက်ပျိုးတဲ့ အဓိကနယ်မြေ တွေထဲက တခုဖြစ်တဲ့ အပူပိုင်း ချာပါရေ ဒေသက အများစုဖြစ်ပြီး တခြားဒေသတွေမှာပါ တွေ့ရှိတဲ့ ဓာတ်ခွဲခန်းအများအပြားကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစိုးရက ပြောခဲ့ပါတယ်။
ဒီအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်တွင်းပြည်ပက ဖိအားတွေကို ရင်ဆိုင်နေရတဲ့ အစိုးရက ခုလို အသိအမှတ်ပြုဝန်ခံခဲ့ရတာပါ။
အစိုးရက မူးယစ်ကုန်သည်တွေအပေါ် သက်ညှာနေတယ်လို့ ၂၀၀၆ ကနေ ၂၀၁၉ ကြား သမ္မတ ဖြစ်ခဲ့သူ မိုရာလက်စ်က ပြောခဲ့ပါတယ်။
မိုရာလက်စ်ရဲ့ မဟာမိတ်တွေ၊ ဆိုရှယ်လစ်ဝါဒီ MAS ပါတီဥက္ကဌ လူးဝီနဲ့ ချာပါရေ ပြည်နယ်က ကိုကာ သမဂ္ဂခေါင်းဆောင်ဟောင်းအပါအဝင် ပြည်တွင်းအင်အားစုတွေက နှိုးဆော်တာကို တုန့်ပြန်ဖို့ ဘိုလီးဗီးယား အစိုးရဟာ ဖိအားပေး ခံနေရပါတယ်။
Source/Photo-Reuters