တရုတ်နိုင်ငံဟာ ဝန်ဆောင်မှုလုပ်ငန်းမှာ စျေးကွက်ကို ချဲ့ထွင်ပြီး နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှု ကုန်သွယ်ရေးကို မြှင့်တင်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
တရုတ်မြို့တော် ပေကျင်းမြို့မှာ ကျင်းပတဲ့ တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ပြပွဲ (CIFTIS)မှာ ရှီပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ ခုလို ပြောခဲ့တာပါ။
တရုတ်နိုင်ငံဟာ ပြည်တွင်းစျေးကွက် ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ တင်သွင်းမှု တိုးမြှင့်တာနဲ့ နိုင်ငံရဲ့ အခြေခံဒေတာစနစ်ကို ပြုပြင်ပြောင်းလဲတာတွေကို အာရုံစိုက် လုပ်ဆောင် သွားမယ်လို့လည်း ရှီက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ ခေတ်မီဝန်ဆောင်မှုလုပ်ငန်းတွေ ပေါင်းစပ်ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်မယ်လို့လည်း ရှီက ပြောခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ တရုတ်ရဲ့ ကုန်သွယ်ရေးဟာ မကြာသေးမီလတွေအတွင်း ကျဆင်း သွားခဲ့လို့ ပြန်လည်ထူထောင်ရေး အလားအလာကို ခြိမ်းခြောက်နေချိန်မှာ ခုလို မှတ်ချက်ပေး လိုက်တာပါ။
ဒါကြောင့် ထိပ်တန်းခေါင်းဆောင်တွေက နောက်ထပ် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ စတင်လုပ်ဆောင် လာနေကြ ပါတယ်။
Source/Photo-Reuters