ရုရှားတရားရေးဝန်ကြီးဌာနက နိုဘယ်ဆုရ ရုရှားသတင်းစာအယ်ဒီတာ ဒီမီထရီ မူရတ်ဗ်တက်ဗ်ကို နိုင်ငံခြား သူလျှိုအဖြစ် စက်တင်ဘာ ၁ ရက်က ကြေညာခဲ့ပါတယ်။
ရုရှသမ္မတရုံးကို ဝေဖန်သူတွေနဲ့ သတင်းထောက်တွေကို နှိမ်နှင်းရာမှာသုံးတဲ့ တရားဝင် ရာထူး ဂုဏ်ထူး သတ်မှတ်ချက်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
နိုင်ငံခြားသူလျှိုဆိုတဲ့ အသုံးအနှုန်းဟာ တင်းကြပ်တဲ့ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ လိုအပ်ချက် တွေအတွက် ဖော်ပြလေ့ရှိတဲ့ ခေါင်းစဉ်လို့လည်း ဆိုပါတယ်။
ဒါမှသာ သူတို့က နိုင်ငံခြားသူလျှိုတွေလို့ ကြေညာသတ်မှတ်လိုက်မှသာ သူတို့ ရေးသားဖြန့်ချိသမျှ ကိစ္စရပ်တိုင်းက မသက်ဆိုင်ကြောင်း နိဒါန်းပျိုး ရှင်းလင်းရာမှာ အထောက် အကူ ရလိမ့်မယ်လို့ လဲ ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။
Source/Photo-Reuters