Home
Lead Story
ဘီးလင်းတွင် ဗုံးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရ
DVB
·
September 2, 2023
370285412_243374298692534_6795959325330038777_n

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ် ကျေးရွာနားမှာ စက်တင်ဘာလ ၁ ရက် မနက်ပိုင်းက Drop Bomb ကျရောက် ပေါက်ကွဲခဲ့လို့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဘေးတွဲဆိုင်ကယ်တစီးနားမှာ ကျရောက်ပေါက်ကွဲတာဖြစ်ပြီး မောင်းနှင်သူ ဦးခိုင်ရွှေမှာ ကျောကုန်းဗုံးစထိမှန်ဒဏ်ရာ ၂ ချက်၊ ညာဘက်ပေါင် ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး၊ စီးနင်းလိုက်ပါလာသူ ဒေါ်မြင့်ဝင်းမှာ ဘယ်ဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ ကိုမြင့်ဇော်မှာတော့ ဘယ်ဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီမတိုင်ခင်က ဒေါက်ရပ်ရွာထဲမှာ ဗုံးတလုံးကျရောက် ပေါက်ကွဲခဲ့သေးပြီး ထိခိုက်တာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရသူတွေကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

အခုဖြစ်စဉ်ကို ဘယ်အဖွဲ့က လုပ်ဆောင်သလဲဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်၊ မနက်ပိုင်းကလည်း ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန် - မော်လမြိုင် ကားလမ်းဘေးမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024