တောင်အာဖရိကနိုင်ငံ လင်မ်ပိုးပိုးပြည်နယ်မှာ ရဲတွေနဲ့ပစ်ခတ်မှုအတွင်း သံသယရှိသူ ဓားပြ ၈ ဦး ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရဲဗီဒီယိုထဲမှာ အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အရာရှိတချို့ဟာ အကာအရံတွေအနီးမှာ လမ်းလျှောက်နေတာကို ပြသခဲ့ပါတယ်။
သံသယရှိသူတွေဟာ တနေရာမှ တနေရာကို ငွေသားအကူးအပြောင်း (CIT) ပြုလုပ်ချိန်မှာ ဓားပြတိုက်ဖို့ စီစဉ်ထားတာဖြစ်ပြီး သူတို့ဟာ တခြားပြည်နယ်တွေက အလားတူ ရာဇဝတ်မှုတွေမှာ လည်း တာဝန်ရှိနေတာလို့ အမျိုးသားရဲမင်းကြီး ဖှန်နီး မာဆယ်မိုလာက အခင်းဖြစ်ပွားရာ တောင်အာဖရိကနိုင်ငံ မြောက်ဖျားပိုင်းပြည်နယ် မာခါဒိုက ပြောကြားခဲ့ပါတယ်။
မိနစ် ၉၀ လောက်ကြာတဲ့ ပစ်ခတ်မှုမှာ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သူက ပြောပါတယ်။
Source/Photo-Reuters