ချီလီနိုင်ငံအလယ်ပိုင်း ဆန်ပေဒရို ဒီလာပက်ဇ်မြို့အနီးမှာ စက်တင်ဘာ ၁ ရက်က ခရီးသည်တင် ရထားတစင်းဟာ မီနီဘတ်စ်ကို တိုက်မိပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေအရ သိရပါတယ်။
လမ်းဖြတ်ကူးတဲ့ ဂိတ်တွေ နိမ့်ကျသွားပြီး ဘတ်စ်ကားက သံလမ်းပေါ်ကို ဖြတ်သွားချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ရထားကုမ္ပဏီက ဆိုရှယ်မီဒီယာ X မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ဖြတ်ကူးတဲ့ဂိတ်တံခါးတွေက ပျက်နေကြောင်းနဲ့ ရထားကလဲ ရောက်လာပြီးတော့ ဘတ်စ်ကားက ဂိတ်နောက်မှာ ရပ်ထားတာကို ရထားက ကျော်သွားလုနီးနီး နဲ့ တိုက်မိပြီးတော့ ဆွဲပါသွားတာမှာ လူတွေသေတာ၊ ထိခိုက်ကုန်တာတွေ ဖြစ်သွားတယ်”လို့ မျက်မြင်သက်သေ အော်စကာ ဖွှမ်တက်စ် က ပြောပါတယ်။
ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၄ ဦးထဲက ၅ ဦးဟာ ချက်ချင်းသေဆုံးသွားခဲ့ပြီး ၆ ယောက်မြောက်လူဟာ ဆေးကုသဆောင်ကို ပို့ဆောင်ပြီးနောက်မှ သေဆုံးသွားခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး ဘတ်စ်ကားယာဉ်မောင်းမှာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
မတော်တဆမှု ဖြစ်ပွားရာနေရာအနီးရှိ ဆန်ပေဒရို ဒီလာပက်ဇ် မြို့က ဝမ်းနည်းခြင်း ၃ ရက်ကို ကြေညာခဲ့ပါတယ်။
Source/Photo-Reuters