ဂါဘွန်သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချပြီး ၂ ရက်အကြာကပဲ အရပ်သားအစိုးရကို အာဏာပြန်အပ်ဖို့ စစ်အစိုးရမှာ ဖိအားတွေ မြင့်တက်လာတာကြောင့် စစ်အာဏာသိမ်းခေါင်းဆောင် ဘရိုက်စ် အိုလီဂွီ ငွယ်မာက သူ့ရည်ရွယ်ချက်ဟာ တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါဖြစ်စေတဲ့ ရွေးကောက်ပွဲတွေကို ရှောင်ရှားဖို့ ဖြစ်တယ်လို့ စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီလူတွေဆီမှာပဲ အာဏာ ဆက်ရှိနေပြီး ဒီလိုတွေပဲ အတူတူ ဆက်မဖြစ်နေအောင် ရွေးကောက်ပွဲကို အလောတကြီး လုပ်စရာမလိုဘူး လို့ ဆိုပါတယ်။
“အာဖရိကမှာ သဘောထားတွေ ပြောင်းလဲနေပြီး ဒေသတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြင်ချင်း ဖလှယ်ခဲ့ပြီးချိန်မှာ ဒါဟာ နိုင်ငံရေးသမားတွေမှာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ တာဝန်ရှိနေကြ တယ်”လို့ စစ်အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင် ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ပြဿနာရှာတဲ့ အခါမှာတော့ ဘာမှဝင်မကူပေးပဲ စစ်တပ်က ဝင်ဆောင်ရွက်တော့မှ အာဏာသိမ်းတယ်လို့ ပြောပြီး ရှုတ်ချကြတာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် တလျှောက်လုံး လုပ်ခဲ့တဲ့ မကောင်းမှုအားလုံး ကို ရှုတ်ချတာ မဟုတ်ဘူးလို့ အာဏာသိမ်းခေါင်းဆောင် ငွယ်မာက ပြောပါတယ်။
အစိုးရအဖွဲ့အစည်းတွေကို ဖျက်သိမ်းလိုက်တာကလည်း ယာယီသာဖြစ်ပြီး လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
သမ္မတ ဘွန်ဂိုဟာ ရွေးကောက်ပွဲမှာ တတိယအကြိမ်မြောက် သမ္မတအဖြစ် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ သြဂုတ် ၃၀ ရက်မှာ စစ်တပ်အရာရှိတွေက အာဏာသိမ်းခဲ့တာပါ။
အရာရှိတွေဟာ ဘွန်ဂိုကို နေအိမ်အကျယ်ချုပ်ချထားပြီး သမ္မတရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ခေါင်းဆာင် ငွယ်မာ ကို အသွင်ကူးပြောင်းရေး ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အာဏာသိမ်းမှုကြောင့် ဘွန်ဂို မိသားစုရဲ့ ၅၆ နှစ်ကြာ အာဏာသိမ်းမှုကို အဆုံးသတ်စေခဲ့ပါတယ်။
အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကမှာ ၃ နှစ်အတွင်း အာဏာသိမ်းမှုကြောင့် မြို့တော် လီဘရီဗီးလ်ရဲ့ လမ်းမတွေပေါ် လူအုပ်ကြီးက အားပေးခဲ့ကြပေမယ့် ပြည်တွင်းပြည်ပမှာ ရှုံ့ချထားပါတယ်။
Source/Photo-Reuters