Home
နိုင်ငံတကာ
ဘလူးစူပါမွန်းဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံများတွင် စောင့်ကြည့် မြင်တွေ့ခဲ့ကြရ
DVB
·
September 1, 2023
Blue Supermoon_Reuters_01092023

ရှားရှားပါးပါး  “လအနီးကပ် ရောက်ရှိမှု” (Blue Supermoon) ဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံ အတော်များများမှာ လူတွေစောင့်ကြည့် မြင်တွေ့ခဲ့ကြရပါတယ်။ 

သြဂုတ် ၃၁ ရက်က တော်ရန်ဝေဘာကော်စတာ အမည်ရ စပိန်ကမ်းရိုးတန်း မြို့ငယ်လေးမှာ ဒီဖြစ်စဉ်ကို ကြည့်ရှုနိုင်ဖို့အတွက် ကာဘိုဆာကရာတစ်ဖ် မီးပြတိုက်ရဲ့ နောက်မှာ ဒေသခံတွေနဲ့အတူ ခရီးသွားတွေကပါ စုရုံးစောင့်ကြည့်ခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့က အာရှဒေသက နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းရဲ့ ကောင်းကင်ယံမှာ ဒီမြင်ကွင်းအပေါ် စောင့်ကြည့်ခဲ့သူတွေလည်း ရှိပါတယ်။

လကမ္ဘာဟာ သူ့ရဲ့ပတ်လမ်းအတိုင်း ကမ္ဘာကြီးနဲ့ အနီးဆုံးနေရာတခုကို ရောက်ရှိလာချိန်မှာ “စူပါမွန်း” ဖြစ်ပေါ်မှုလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွင်း အချင်းစက်ဝိုင်း ၇ ရာခိုင်နှုန်းအထိ ကြီးမားနေတဲ့ လရဲ့မျက်နှာပြင်ကို ကမ္ဘာပေါ်ကနေ မြင်တွေ့နိုင်ပါတယ်။

“ဘလူးမွန်း” လို့ ခေါ်ဆိုမှုကလည်း လရဲ့အရောင်ကို ရည်ညွှန်းတာမဟုတ်ဘဲ ပြက္ခဒိန် တလအတွင်း လပြည့်မှုဖြစ်စဉ် ၂ ကြိမ်အပေါ် ရည်ရွယ်တဲ့ အသုံးအနှုန်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၃၀ ပြည့်နှစ်တွေအထိ ဘလူး စူပါမွန်း ဖြစ်စဉ်ကို နောက်တကြိမ် မြင်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024