Home
မြန်မာသတင်း
ရန်ကုန်တွင် ဧည့်စာရင်းမတိုင်သူများကို ဖမ်းဆီးပြီး ကျပ် ၁ သိန်းဖြင့် ပြန်ရွေးခိုင်း
DVB
·
September 1, 2023
371358368_10159635502002913_570536762019457632_n

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှာ စစ်ကောင်စီက ဧည့်စာရင်းတွေစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သူတွေကို ဖမ်းဆီးကာ  ကျပ် ၁ သိန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဩဂုတ်လ နောက်ဆုံးအပတ်လောက်ကစပြီး ရန်ကုန်မှာရှိတဲ့မြို့နယ်အသီးသီးကို စစ်ကောင်စီက ပိုက်စိပ်တိုက် ဧည့်စာရင်းလိုက်စစ်ပြီး  ဧည့်စာရင်းမတိုင်သူတွေကို ဖမ်းဆီးကာ ငွေနဲ့ပြန်ရွေးခိုင်းနေတာဖြစ်ပါတယ်။

မြောက်ဥက္ကလာပမှာနေထိုင်သူတဦးက “ ကိုယ်နေတဲ့နေရာတခုပဲစစ်တယ်ထင်နေတာ။ တခြားမြို့နယ်က သူငယ်ချင်းတွေကိုမေးကြည့်တော့ သူတို့ဘက်လည်း ဝင်စစ်သွားတယ်လို့ပြန်သိရတယ်။ ကလပ်တွေ၊ ဘားတွေကိုပါ ဝင်စစ်တယ်လို့လည်းပြန်ကြား ရတယ်”လို့ ပြောပါတယ်။

ဩဂုတ် ၂၈ ရက်လောက်က ရန်ကုန်မှာရှိတဲ့ နာမည်ကြီး ဘားတခုကိုစစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ညအိပ်ဝန်ထမ်းငါးဦးကို ဖမ်းဆီးသွားခဲ့ကာ တဦးကိုကျပ် တသိန်းနှုန်းနဲ့ ပြန်လည်ရွေးခိုင်းခဲ့တယ်လို့လည်း အဲ့ဒီဘားမှာလုပ်ကိုင်တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

စစ်ကောင်စီက ဩဂုတ်လနောက်ဆုံးအပတ်လောက်ကစပြီး ရန်ကုန်မြို့ရဲ့လုံခြုံရေးကို တင်းကျပ် စစ်ဆေးနေတာဖြစ်ပြီး တချို့ရပ်ကွက်လမ်းတွေမှာလည်း အမျိုးသား ၅ ဦးစီ ကင်းစောင့်ခိုင်းနေတာ ရှိနေတယ်လို့ သိရပါတယ်။

ဒီလိုလုံခြုံရေးတင်းကျပ်နေတာဟာ ရန်ကုန်မြို့အနီးထိ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရောက်ရှိနေတာကြောင့်ဖြစ်နိုင်တယ်လို့ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024