ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေ ဩဂုတ် ၃၁ ရက် မနေ့ညက ပြုလုပ်ခဲ့ရာမှာ မန်ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ တအုပ်စုတည်းတွေ့ဆုံနေပြီး နယူးကာဆယ်အသင်းက အုပ်စုကျပ်ထဲမှာ ကျရောက်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အုပ်စု A မှာ ဘိုင်ယန်မြူးနစ်၊ ကိုပေဟေဂင်၊ ဂါလာတာစာရေးတို့နဲ့ အတူတွေ့ဆုံခဲ့တာပါ။
နယူးကာဆယ်အသင်းကတော့ ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်အသင်းတွေနဲ့ အုပ်စုF မှာတွေ့ဆုံခဲ့လို့ အုပ်စုအကျပ်ဆုံးလို့ သတ်မှတ်ခဲ့ကြတာပါ။
အာဆင်နယ်က ဆီဗီလာ၊ ပီအက်စ်ဗွီ၊ လန်းစ်အသင်းတွေနဲ့ အုပ်စု B၊ မန်စီးတီးက လိုက်ပ်ဇစ်၊ ဇဗီဒါ၊ ယန်းဘွိုင်းစ်အသင်းတွေနဲ့ အုပ်စု G မှာတွေ့ဆုံပါတယ်။
တခြားအသင်းတွေထဲမှာ ရီးယဲလ်မက်ဒရစ်က နာပိုလီ၊ ဘရာဂါ၊ ယူနီယံ ဘာလင်တို့နဲ့ အုပ်စု C မှာတွေ့ဆုံပါတယ်။
အုပ်စု D မှာ ဘင်ဖီကာ၊ အင်တာမီလန်၊ ဆဲလ်ဘက်နဲ့ ဆိုစီဒက်၊ အုပ်စု E မှာ ဖီယင်နု၊ အက်သလက်တီကို၊ လာဇီယို၊ ဆဲလ်တစ်တို့ တွေ့ဆုံပါတယ်။
ဘာစီလိုနာတော့ ပေါ်တို၊ ရှက်တာဒိုးညက်ခ်၊ရွိုင်ရယ်အန့်ဝက်ပ် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Photo-Reuters