ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါက တိုကျိုမြို့တော်ရဲ့ အကြီးဆုံး ငါးဈေးကွက်ဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် တရုတ်အစိုးရရဲ့ သိပ္ပံပညာဆိုင်ရာ အခြေခံ အကြောင်းပြချက်မရှိဘဲ တားမြစ်ပိတ်ပင်မှုဒဏ်ကို ခံရတဲ့ ငါးဖမ်းလုပ်ငန်းကို ကူညီဆောင်ရွက်ပေးမယ်လို့ သြဂုတ် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
ကီရှီဒါဟာ ဂျပန်နိုင်ငံ ဖူကူရှီးမား စီရင်စုကနေ ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချတဲ့ တိုယိုစု ငါးဈေးထဲမှာ ဒေသတွင်းက ရေဘဝဲတွေကို စားသောက်နေသူတွေနဲ့ စကားပြောနေပုံကို ရုပ်သံထဲမှာ မြင်တွေ့ခဲ့ရပါတယ်။
ပျက်စီးသွားတဲ့ နျူးကလီးယား ဓာတ်အားပေးစက်ရုံမှာ သုံးထားပြီး ပြန်လည်သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ သြဂုတ် ၂၄ ရက်က စတင်စွန့်ထုတ်ခဲ့လို့ ဂျပန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာထုတ်ကုန်တွေ တင်သွင်းမှု ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။
စကောလပ်စ် ဂုံးကောင်လို တရုတ်စျေးကွက်ကို မှီခိုနေရတဲ့ ကုန်ပစ္စည်းတွေအတွက် ဂျပန်နိုင်ငံရဲ့ ငါးတင်ပို့မှု ကွဲပြားစေဖို့ ခြေလှမ်းတွေကို ဂျပန်အစိုးရက လုပ်ဆောင်သွားမယ်လို့ ဂျပန် ငါးလုပ်ငန်းဝန်ကြီး တဲတစုရို နိုမူရက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဂျပန်ဂုံးကောင်တင်ပို့မှု စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကို တရုတ်နိုင်ငံက တင်သွင်းခဲ့ပါတယ်။
Source/Photo-Reuters