ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ယန်းငွေ ၇ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆၇ ဘီလီယံ) အထိ စံချိန်တင် အသုံးစရိတ် တောင်းဆိုချက်ကို ဩဂုတ် ၃၁ ရက်မှာ တင်သွင်းခဲ့ပါတယ်။
ဒါဟာ ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၄၃ ထရီလီယံအထိ မြှင့်တင်မယ့် ငါးနှစ်အတွင်း နောက်ဆုံးအဆင့် ဖြစ်ပါတယ်။
ဘတ်ဂျက်တောင်းခံချက်အရ သင်္ဘောကနေ ဝေဟင်ပစ်ဒုံးကျည်အသစ်တွေ အပါအဝင် ခဲယမ်းနဲ့ လက်နက်တွေ ဖူလုံရေး ယန်း ၉၀၀ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၁၆ ဘီလီယံ) ကျော်ကို ဖယ်ထားဖို့ ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။
ဒီတောင်းဆိုမှုဟာ နိုင်ငံကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်မှာ ပြည်တွင်း အသားတင်ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးဖို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ ရာထူးသက်တမ်း ဒုတိယနှစ်မှာ တောင်းဆိုတာလည်း ဖြစ်ပါတယ်။
ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူးကလီးယားစက်ရုံကနေ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်က ပင်လယ်ထဲကို စွန့်ပစ်လို့ ဂျပန်နဲ့ တရုတ်အစိုးရတို့ကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာချိန်မှာ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ခုလို တောင်းဆိုခဲ့တာပါ။ တရုတ်နိုင်ငံဟာ ဒီထုတ်ပြန်ချက်ကို ရှုတ်ချခဲ့ပြီး ဂျပန်ပင်လယ်စာတင်သွင်းမှုကို တားမြစ်ခဲ့ပါတယ်။
Source/Photo-Reuters