တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျန်းက အပြန်အလှန်လေးစားမှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ တဆင့် တရုတ်-ဗြိတိန် ဆက်ဆံရေးကို အဆင့်အသစ် တရပ်ဆီ မြှင့်တင်ဖို့ မျှော်လင့်တယ်လို့ သြဂုတ် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလိဗာရီနဲ့ တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံချိန် ခုလိုပြောလိုက်တာပါ။
နားလည်မှုလွဲမှားတာတွေကို ရှောင်ဖို့ အရေးကြီးပြီး နိုင်ငံအားလုံးမှာ ရှိတတ်တဲ့ စိန်ခေါ်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးတယ်လို့ ဆွေးနွေးပွဲမှာ လိမ္မာပါးနပ်မှုရှိရှိ သူက ဆက်ပြောပါတယ်။ ကလိဗာရီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် လက်ထက်ကနေစပြီး ဆယ်စုနှစ်တွေအတွင်း တရုတ်-ဗြိတိန် ဆက်ဆံရေး အနိမ့်ဆုံးထိ ကျဆင်းသွားပြီးတဲ့နောက် ဗြိတိန်ဟာ အမျိုးသားလုံခြုံရေး စိုးရိမ်ချက်တွေကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတချို့ကို ကန့်သတ်ခဲ့ပါတယ်။ ဟောင်ကောင်လွတ်လပ်မှုကို ဖြိုခွဲခံရမှုအပေါ် စိုးရိမ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ ဗြိတိန်လွှတ်တော်ဟာ ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အခုသီတင်းပတ်အတွင်း ပထမဆုံးအကြိမ် ရည်ညွှန်းပြောဆိုခဲ့တာပါ။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလိဗာရီက တရုတ်နိုင်ငံဆီ လာရောက်လည်ပတ်မယ့် ခရီးစဉ်မတိုင်မီ နိုင်ငံရေးအရ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး တရားဝင်စာရွက်စာတမ်းနဲ့ ရည်ညွှန်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဗြိတိန် အောက်လွှတ်တော်ရဲ့ ဩဇာကြီးမားတဲ့ နိုင်ငံခြားရေးရာကော်မတီက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ လက်ခံကျင့်သုံးတဲ့ ဘာသာစကားအသစ်ဟာ တရုတ်ပြည်မကြီးအစိုးရရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခြိမ်းခြောက်ထားပါတယ်။
ကလိဗာရီဟာ တရုတ်နဲ့ ဗြိတိန် နှစ်နိုင်ငံကြား အေးစက်နေတဲ့ ဆက်ဆံရေးကာလ ငါးနှစ်အတွင်း ပေကျင်းမြို့တော်ဆီ ပထမဆုံးလာတဲ့ ဗြိတိန်ထိပ်တန်းသံတမန် ဖြစ်လာခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ နိုင်ငံတော်အာဏာကို တရုတ်ပြည်မကြီးအစိုးရက ကာလရှည်ကြာ ငြင်းဆိုခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ကျွန်းဟာ တရုတ်ပြည်မကြီးရဲ့ ပိုင်နက် တစိတ်တပိုင်း ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောထားပါတယ်။
Source/Photo-Reuters