နာဆာသိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း သန်း ၂၀၀ လောက် အကွာမှာရှိပြီး ဘန်နုလို့ နာမည်ပေးထားတဲ့ မိုးမျှော်တိုက်အရွယ် ဂြိုဟ်သိမ်တစ်ခုရဲ့ နမူနာတွေကို သယ်လာမယ့် NASA အာကာသယာဉ် ပြန်ရောက်လာတော့မှာမို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သြဂုတ် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ OSIRIS-REx အာကာသယာဉ်ဟာ ၂၀၁၈ ခုနှစ်မှာ ဘန်နုဂြိုလ်သိမ်ဆီ ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှာ ကမ္ဘာမြေဆီ ပြန်လာခဲ့တာပါ။ ဂြိုလ်သိမ်ကနေ ကမ္ဘာမြေဆီ ပြန်ရောက်ဖို့ နှစ်နှစ်ကြာခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
အာကာသယာဉ်ဟာ သက်ရှိတွေအတွက် အလားအလာရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားရဲ့ ကျောက်ဆောင် မျက်နှာပြင်မှာ နစ်မြုပ်နေတဲ့၊ ရေအတွက်နည်းနာ တစိတ်တပိုင်းဖြစ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးတွေရဲ့ ခြေရာတွေကို ရှာတွေ့ခဲ့တာပါ။
OSIRIS-REx အစီအစဉ်ရဲ့ အဓိက စုံစမ်းစစ်ဆေးသူ ဒန်တေလောရတ်တာက “ကမ္ဘာမြေဟာ ဘာကြောင့် သက်ရှိတွေနေလို့ရတဲ့ ကမ္ဘာဖြစ်နေတာလဲ၊ အာကာသအပြင်ဘက်က ဂြိုလ်တွေမှာ ဒီရှားပါးရတနာ သမုဒ္ဒရာတွေရှိသလားဆိုတာ ရှာဖွေနေပါတယ်"လို့ပြောပါတယ်။
အာကာသယာဉ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘန်နုဂြိုလ်သိမ်ကနေ စုဆောင်းရရှိတဲ့ နမူနာ ခန့်မှန်းခြေ ၈ ဒသမ ၈ အောင်စကို သယ်ဆောင်သွားတယ်လို့ NASA က ပြောပါတယ်။
အာကာသယာဉ်ဟာ စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီ ၄၂ မိနစ်မှာ ကမ္ဘာ့လေထုထဲကို ပြန်လည် ဝင်ရောက်လာမယ်လို့ NASA ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် NASA က ယူတာပြည်နယ်ရဲ့ ဝေးလံသီခေါင်တဲ့ ဒေသမှာ ဆင်းသက်မယ်လို့ NASA ကပြောတဲ့ ဂြိုဟ်သိမ်နမူနာတွေပါတဲ့ အခန်းတခန်းကို အာကာသယာဉ်ကနေ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters