ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ လီဗာပူးတောင်ပံကစားသမား မိုဆာလာကို ပေါင် ၁၁၈ သန်းအထိ ပေးချေပြီးခေါ်ယူဖို့ အသင့်ရှိနေပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ကိုယ်တိုင် ဆာလာကို ရောင်းချမှာမဟုတ်ကြောင်းပြောဆိုထားပေမဲ့ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းချက်ဟာ အသင်းနဲ့ ကစားသမားဖြစ်သူအတွက် ပယ်ချဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။
ဆော်ဒီကလပ်တွေဟာ လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ဖေမီနို၊ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီး ဆာလာ၊ ဂျိုးဂိုမက်ဇ်၊ ကိုနာတေး အပြင် ဂိုးသမား အလက်ဆန်ကိုပါ ခေါ်ယူဖို့ ဆန္ဒရှိနေကြတာပါ။
အထူးသဖြင့် လီဗာပူးအသင်းရဲ့ အဓိက ကစားသမား မိုဆာလာကို ခေါ်ယူနိုင်ဖို့အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ရှိနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြပါတယ်။
ပရီးမီးယားလိဂ် အပြောင်းအရွှေ့ကာလက စက်တင်ဘာ ၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ပြီး ဆော်ဒီလိဂ် အပြောင်းအရွှေ့ကာလက စက်တင်ဘာ ၇ ရက်မှ ပိတ်သိမ်းမှာဖြစ်ပါတယ်။
Photo - Reuters