Home
မြန်မာသတင်း
ပွင့်ဖြူမြို့နယ်၌ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုပြုလုပ်သူ ၂ ဦး ဖမ်းမိ
DVB
·
August 30, 2023
Pwint Phyu Fake Money

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာက နေအိမ်တအိမ်ကို  ဩဂုတ် ၃၀ ရက် ဒီနေ့မနက်က ငွေစက္ကူအတုလုပ်သူ နှစ်ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုတွေနဲ့ အမျိုးသားတဦးကို ဖမ်းဆီးရမိရာကနေ အမျိုးသမီးတဦးကိုပါ ကျပ် ၁၀၀၀၀ တန်၊ ကျပ် ၅၀၀၀  တန် ငွေစက္ကူအတုတွေနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရှောက်တောရွာဘက်က အိမ်ကို ရဲတွေရော၊ ထွေအုပ်ရော အဖွဲ့တွေအများကြီး လာဖမ်းတာ။ ၅၀၀၀ တန်၊ ၁၀၀၀၀ တန်အတုတွေရော ထုတ်တဲ့စက်တွေရော မိတယ်။” 

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ငွေစက္ကူအတု အရွက်ရေ ၄၀၀ ကျော်နဲ့အတူ ဆက်စပ်ပစွည်းနဲ့အတူ ဖမ်းမိခဲ့တာ။ ၁၀၀၀၀ တန်၊ ၅၀၀၀ တန် အတုတွေ မဖြတ်ရသေးတဲ့ ပိုက်ဆံတွေရော စက်တွေရော အကုန်မိတာ။ ကွင်းဆက်တွေကို စစ်ဆေးနေပါတယ်။” လို့  ဒီဗွီဘီကို ပြောပါတယ်။

ပွင့်ဖြူမြို့ပေါ်က စတိုးဆိုင်တစ်ဆိုင်မှာ ၁၀၀၀၀ တန်ငွေစက္ကူအတုအရွက် ၃၀ နဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ရာမှ ကွင်းဆက်အဖြစ် ရှောက်တောကျေးရွာက နေအိမ်တစ်အိမ်မှာ အမျိုးသမီးတဦးကိုပါ ထပ်မံဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“၅၀၀၀ တန်တွေရော ၁၀၀၀၀ တန်တွေရော မိတဲ့အပြင် စက်တွေပါ မိတာ။ လုပ်ပြီးသား ပိုက်ဆံအတုတွေက အတော်များတာ”လို့ ပြောပါတယ်။

လတ်တလောမှာ ဖမ်းဆီးရမိတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ပွင့်ဖြူမြို့မရဲစခန်းမှ (ပ) ၃၄/၂၀၂၃ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024