Home
နိုင်ငံတကာ
ဘရာဇီးတွင် လူအစုလိုက်သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်သူ ၂ ဦး ဖမ်းဆီးရမိ 
DVB
·
August 30, 2023
Screenshot 2023-08-30 164553

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘာဟီယာပြည်နယ်၊ မာတာဒေဆောင်ယွားမြို့က လူ ၉ ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူနှစ်ဦးကို ရဲတွေက သတ်ဖြတ်ခဲ့ပြီး တခြားသံသယရှိသူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ပြည်နယ်လုံခြုံရေးရုံးက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။

မြို့တွင်း အိမ်နှစ်အိမ်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ လူ ၉ ဦးရဲ့ ရုပ်ကြွင်းတွေကို သြဂုတ် ၂၈ ရက်မှာ တွေ့ခဲ့တာပါ။ သေဆုံးသူ သုံးဦးက ကလေးငယ်တွေလို့ ရဲတပ်ဖွဲ့က ပြောပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲပါ။

ဒေသတွင်းမှာ အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေ မကြာသေးမီက မြင့်တက်လာခဲ့အပြီး ခုလို ရာဇ၀တ်မှုတွေကို ဖြစ်လာတာလို့ မာတာဒေဆောင်ယွားမြို့က ဒါရိုက်တာ ခရစ်စီယံ အင်နိုစန်စီယာ ကွယ့်ယိုက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေ ပုန်းအောင်းနေတဲ့ မြို့သစ်တော ဧရိယာထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နေရာချထားခဲ့တယ်လို့ လုံခြုံရေးရုံးက ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကို တွေ့ချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ စတုတ္ထမြောက် သံသယရှိသူကို ရှာတွေ့ဖို့ ကြိုးပမ်းနေဆဲလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပစ္စတိုနှစ်လက်၊ ခဲယမ်းမီးကျောက်တွေ၊ ရေဒီယိုဆက်သွယ်ရေးစက်နဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကြေညာချက်က ဆိုထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024