ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်နယ်မြေက မာပီရီမြို့မှာ သြဂုတ် ၂၉ ရက်က မိုင်းတွင်းမြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် အလောင်း ၃ လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။
သြဂုတ်လ ၂၇ ရက်က မြေပြိုမှု ဖြစ်ပွားခဲ့ရာမှာ မိုင်းတွင်းလုပ်သား အများအပြား ပိတ်မိခဲ့တာပါ။ သဘာဝဘေးသင့်ဒေသမှ အသက်ရှင်ကျန်ရစ်သူတဦးကို တွေ့ဆုံမေးမြန်းချက်အရ အဲဒီမတော်တဆမှုဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သားများ မလွတ်မြောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြေအောက်မှာ လူဘယ်လောက်ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဘိုလီးဗီးယား အရပ်ဘက်ကာကွယ်ရေး ဒု-ဝန်ကြီး ဟွမ်န်ကားလို့စ်ကာလ်ဗီမွန်တက်စ်က ပြောကြားပါတယ်။
“အဲဒီမိုင်းလုပ်သားတွေဟာ ခေတ်မီနည်းပညာတွေနဲ့ တွင်းတွေတူးကြတာဖြစ်ပြီး မိုင်းလုပ်သားတွေဟာ ရေငုပ်ပြီးတော့ မီတာ ၂၀ ကနေ ၃၀ နီးပါးရှိတဲ့ မြေမျက်နှာပြင်ရဲ့ အတွင်းပိုင်းထိအောင် သွားပြီးတော့ ရွှေကို ထုတ်ယူကြတာဖြစ်တယ်” လို့ ဆိုပါတယ်။
သူသိရသလောက် အဲဒီတွင်းတွေထဲက တခုမှာ ရွှံ့မြေပြိုကျခဲ့တာဖြစ်ခဲ့ပြီး ပထမဆုံး ဆယ်ယူလို့ရသူ နှစ်ယောက်လုံးကတော့ သေဆုံးသွားပြီလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ပုဂ္ဂလိကကုမ္ပဏီဖြစ်လို့ သူတို့ကို အကူအညီပေးဖို့ တောင်းဆိုချက် မရသေးကြောင်းလည်း အရပ်ဘက်ကာကွယ်ရေး ဒု-ဝန်ကြီး ကာလ်ဗီမွန်တက်စ်က ပြောပါတယ်။
အဲဒီနေရာမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Source/Photo-Reuters