ဂျာမနီနိုင်ငံက အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ သီတင်းပတ်ကြာ အငြင်းပွားမှုတွေကို ဘေးဖယ်ထားပြီး ကော်ပိုရိတ်အခွန်ကို ယူရို ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇ ဘီလီယံခွဲကျော်) အထိ သက်သာခွင့်ပေးမယ့် အစီအစဉ်ကို သြဂုတ် ၂၉ ရက်မှာ သဘောတူခဲ့ပါတယ်။
ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က ဒါဟာ ကျဆင်းလာနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ကြီးကြီးမားမား မြှင့်တင်မှုလို့ ခေါ်တွင်လိုက်ပြီး ဒီအစီအစဉ်ကို လေးနှစ်ကျင့်သုံးဖို့ သဘောတူခဲ့ကြပါတယ်။
"Growth Opportunities Law" လို့ နာမည်ပေးထားတဲ့ ဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့ အစောပိုင်းကကြိုးပမ်းမှုကို Greens ပါတီရဲ့ မိသားစုဝန်ကြီး လီဆာပေါက်စ်က အငြိုးထားခဲ့ပါတယ်။ လီဆာဟာ ကလေးထောက်ပံ့မှု အကျိုးခံစားခွင့် အသစ်အတွက် ယူရိုငွေ ၁၂ ဘီလီယံကို ရှာဖွေခဲ့သူပါ။
ပထမနှစ်မှာ ဖယ်ဒရယ်အစိုးရအတွက် အခွန်ငွေ ယူရို ၂ ဒသမ ၆ ဘီလီယံ၊ ပြည်နယ်တွေအတွက် ယူရို ၂ ဘီလီယံခွဲနဲ့ စည်ပင်သာယာ ဧရိယာတွေအတွက် ယူရို ၁ ဒသမ ၉ ဘီလီယံ အခွန်ကနေ ရတဲ့ငွေတွေ ကျဆင်းသွားမှာကို ဥပဒေမူကြမ်းအရ တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source/Photo-Reuters