ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီဟာ ပြင်သစ် ယူ-၂၁ လူငယ်အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံအသင်းလက်ထောက် နည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ လမ်းခွဲခဲ့တာပါ။
အဲဒီနောက်အားကစား ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြင်သစ်လူငယ်နည်းပြ ဖြစ်လာခဲ့တာပါ။
အွန်နရီအနေနဲ့ NBC ရုပ်သံမှာတော့ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆက်လက် လုပ်ကိုင်သွားမယ်လို့သိရပါတယ်။
ဘောလုံးကွင်းတွေနဲ့ မြက်ခင်းစိမ်းတွေကို ချစ်မြတ်နိုးပြီး လူငယ်တွေကိုသင်ကြားပြသပေးရ တာကိုလည်း နှစ်သက်ကြောင်း အွန်နရီကပြောပါတယ်။
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အွန်နရီဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဒုတိယ ဂိုးအများဆုံး သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဆုဖလားရယူနိုင်ခဲ့ပါတယ်။
ပြင်သစ် ယူ-၂၁ အသင်းကို ၂၀၂၅ ခုနှစ်အထိ ကိုင်တွယ်မှာဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှာ ကစားရမယ့် ဒိန်းမတ်နဲ့ပွဲစဉ်က သူ့ရဲ့ ပွဲဦးထွက်ပွဲစဉ် ဖြစ်လာမှာဖြစ်ပါတယ်။
PHOTO-Reuters