ဥရောပသမဂ္ဂ (အီးယူ)ဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အဖွဲ့ဝင်နိုင်ငံသစ်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်ရမယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မီရှဲလ်က သြဂုတ် ၂၈ ရက်မှာ စလိုဗေးနီးယားရေကန်အပန်းဖြေစခန်း ဘလက်ဒ်မှာကျင်းပတဲ့ ဖိုရမ်အတွင်း ပြောကြားလိုက်ပါတယ်။
အနောက်ဘော်လကန်ဒေသက နိုင်ငံခြောက်ခုဖြစ်တဲ့ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား၊ ကိုဆိုဗို၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယားနဲ့ ဆားဘီးယားနိုင်ငံတို့ဟာ အစုအဖွဲ့ထဲကို ဝင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ်က မော်လ်ဒိုဗာနဲ့ ယူကရိန်းတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ဂျော်ဂျီယာနိုင်ငံကလည်း ဒီအခြေအနေကို လက်ခံဖို့ စောင့်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိစေဖို့၊ ဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှုနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ ချိန်ညှိဖို့၊ အနာဂတ် အဖွဲ့ဝင်နိုင်ငံတွေက ပြုပြင်ပြောင်းလဲတာတွေ လုပ်ရမယ်လို့ မီရှဲလ်က ပြောပါတယ်။
ဥရောပသမဂ္ဂထဲမ၀င်မီ နှစ်နိုင်ငံ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုလားသူအားလုံးကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ ဥရောပကော်မရှင်ရဲ့ ချဲ့ထွင်မှုအစီအစဥ်ဟာ အောက်တိုဘာလထဲမှာ အကောင်အထည် ပေါ်လာမယ်လို့ မျှော်မှန်းထားတာပါ။
ဒါဟာ အစုအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်မလာမီ အနာဂတ်အဖွဲ့ဝင် တွေကို အီးယူအဖွဲ့အစည်းတချို့နဲ့ မူဝါဒတွေမှာ အပြည့်အဝပါဝင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်စေမယ့် တိုးတက်တဲ့ ပေါင်းစည်းမှုရဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေကို ပေးစွမ်းနိုင်မယ်လို့လည်း အီးယူ အကြီးအကဲက ပြောပါတယ်။
Source/Photo-Reuters