စပိန်နိုင်ငံ ဘာလီရာရစ်ကျွန်းစုရဲ့ နေရာအနှံ့အပြားမှာ အကြီးအကျယ် မိုးရွာသွန်းခဲ့တာကြောင့် သြဂုတ်လ ၂၇ ရက်က လမ်းတွေနဲ့ ဆိုင်တွေကိုပါ ရေလွှမ်းမိုးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့က လေပြင်းတိုက်ခတ်ရာမှာ P&O Cruises ကုမ္ပဏီရဲ့ ဘရန်တန်းနီးယား အပျော်စီးသင်္ဘောကြီးနဲ့ ဓာတ်ဆီတင် သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ပါတယ်။
ဒါဟာ အဲ့ဒီကျွန်းစုထဲမှာ ပါဝင်တဲ့ မာယော့ကာကျွန်းကို မုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် ဖြစ်ပါတယ်။
မျက်မြင်သက်သေတယောက်ရဲ့ ဗီဒီယိုမှတ်တမ်းအရ ဆိုင်တွေထဲအထိ ဝင်ရောက်လာတဲ့ ရေတွေကို တံမြက်စည်းနဲ့ လှည်းထုတ်နေရတဲ့အပြင် အနီးအနားမှာပါ အဆက်မပြတ် ရေစီးနေတာကို တွေ့ရပါတယ်။
စပိန်နိုင်ငံရဲ့ အမျိုးသားမိုးလေဝသအေဂျင်စီ (AEMT) ကတော့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မိုးကြိုးမုန်တိုင်းအတွက် သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။
တစ်ရက်တည်းမှာပဲ ဒီမုန်တိုင်းကြောင့် လူအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ မာယော့ကာကျွန်းရဲ့ ဆိပ်ကမ်းအာဏာပိုင်တွေက အတည်ပြုပါတယ်။
Source/Photo-Reuters