အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ခ်ဆင်ဗီးလ်မြို့ရဲ့ ဒေါ်လာဂျန်နရယ်စတိုးဆိုင် မှာ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ လူဖြူသေနတ်သမားရဲ့ နာမည်ကို သြဂုတ် ၂၇ ရက်မှာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
လူမည်း ၃ ယောက်အထိ သေဆုံးခဲ့ရတဲ့ ဒီပစ်ခတ်မှုကို အသက် ၂၁ နှစ် အရွယ် ရိုင်ယန် ခရစ္စတိုဖာ ပဲလ်မီတာက ကျူးလွန်ခဲ့တာဖြစ်ကြောင်း ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေး အဖွဲ့အနေနဲ့ အတည်ပြုပါတယ်။
ဒီသေနတ်သမားဟာ မိဘတွေနဲ့အတူ ဂျက်ခ်ဆင်ဗီးလ်မြို့ရဲ့ ဆင်ခြေဖုံးအရပ်မှာ နေထိုင်သူဖြစ်တယ်လို့ ရဲအရာရှိဖြစ်တဲ့ တီကေဝါးတားစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီတရားခံက ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တဲ့ သေနတ် ဒဏ်ရာနဲ့အတူ သေဆုံးသွားခဲ့တာပါ။ ဒီကျူးလွန်သူမှာ ရာဇဝတ်မှုမှတ်တမ်း မရှိသလို ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက် တွေကိုလည်း တရားဝင်ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ လူမျိုးရေးခွဲခြားတဲ့ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။
ဒါ့အပြင် လူမည်းတွေအပေါ် အမုန်းတရားနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတဲ့ "ကြေညာချက်များစွာ" ကိုပါ မိဘတွေ၊ မီဒီယာတွေနဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တွေအတွက် ဒီတရားခံက ရေးသားခဲ့တယ်လို့ သိရပါတယ်။
Source/Photo-Reuters