ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံကနေ သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ထုတ်တာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကနေ ဖုန်းခေါ်ဆိုနှောင့်ယှက်မှု အကြိမ်ရေများစွာ လုပ်လာခဲ့တဲ့အတွက် အလွန်ဝမ်းနည်းစရာ ကောင်းတယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
တရုတ်ပြည်သူတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဆောင်ရွက်ရေး ဆော်ဩပေးဖို့ ဂျပန်နိုင်ငံက တရုတ်အစိုးရ ကို တိုက်တွန်းထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဟိရိုခါ့ဇု မတ်စုနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်နိုင်ငံဟာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီးဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်လို့ ပျက်စီးခဲ့တဲ့ ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံကို ဖျက်သိမ်းဖို့ အဓိကခြေလှမ်းဖြစ်တဲ့ သန့်စင်ပြီးသား ရေဆိုးတွေကို သြဂုတ် ၂၄ ရက်ကစပြီး ပစိဖိတ် သမုဒ္ဒရာထဲကို စွန့်ပစ်ခဲ့ပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာရော တောင်ကိုရီးယားမှာပါ ဂျပန်ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေသလို ဂျပန်နိုင်ငံထွက် ပင်လယ်စာတွေကို တင်သွင်းတာကိုလည်း တရုတ်နိုင်ငံက ပိတ်ပင်ထားပါတယ်။
Source/Photo-Reuters