Home
နိုင်ငံတကာ
အသစ်ရောက်လာသည့် အာကာသယာဉ်မှူးများကို  အပြည်ပြည်ဆိုင်ရာအာကာသစခန်း ကြိုဆို
DVB
·
August 28, 2023
New 'unity' as they join ISS

အပြည်ပြည်ဆိုင်ရာအာကာသစခန်း(ISS)မှာ သြဂုတ် ၂၇ ရက်က အသစ်ရောက်ရှိလာတဲ့ အာကာသယာဉ်မှူးတွေကို လက်ရှိအဖွဲ့ဝင်တွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ 

မတူညီတဲ့နိုင်ငံ ၄ ခုကနေ ပါဝင်လာခဲ့တဲ့ အာကာသယာဉ်မှူး အသစ်တွေဟာ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်ဆိုပြီး အလေးပေး ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ISS ယာဉ်အတွင်းပိုင်းမှာ ဘတ်တီးရီးယားနမူနာတွေ စုဆောင်းမှုနဲ့အတူ အာကာသ ယာဉ်မှူးတွေ အိပ်စက်နေချိန်အတွင်း ဇီဝကမ္မဆိုင်ရာ ရှုထောင့်တွေစတဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေ ကို အဖွဲ့ဝင်သစ် ၄ ဦးက ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နာဆာအနေနဲ့ အတည်ပြုပါတယ်။ 

ဒီအာကာသယာဉ်မှူးအသစ် ၄ ဦးထဲမှာ အမေရိကန်နိုင်ငံသူ ဂျက်စမင်းမို့ဂ်ဘယ်လီ၊ ဒိန်းမတ် နိုင်ငံသား အန်ဒရေးယက်စ် မိုဂန်ဆန်၊ ဂျပန်နိုင်ငံသား ဆာတိုရှီ ဖူရူကာဝါနဲ့ ရုရှားနိုင်ငံသား ကွန်စတန်တင်း ဘော်ရီဆော့ဗ်တို့ပါဝင်ပြီး ISS မှာ ရှိနှင့်ပြီးသား အဖွဲ့ဝင် ၇ ဦးနဲ့အတူ ပူးပေါင်းသွားမှာပါ။ 

ဒါ့အပြင် စပေ့စ်အိတ်စ်ကုမ္ပဏီရဲ့ ဖယ်လ်ကွန်-၉ ဒုံးကျည်ဟာ အဖွဲ့ဝင်သစ်တွေ လိုက်ပါလာတဲ့ ဒရက်ကွန် အာကာသယာဉ်ကို ဂြိုလ်ပတ်လမ်းအထိ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ နာဆာအဖွဲ့ရဲ့ ကန်နေဒီ အာကာသ စင်တာကနေ ဒီအာကာသယာဉ် ထွက်ခွာလာခဲ့တာဖြစ်ပြီး အချိန်အားဖြင့် သြဂုတ် ၂၆ ရက် အရှေ့ပိုင်းစံတော်ချိန် မနက် ၃နာရီ ၂၇မိနစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024