Home
မြန်မာသတင်း
ဓာတ်မြေဩဇာသယ်ယူခွင့် စစ်ကောင်စီ တားမြစ်ထားသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
August 28, 2023
Rice Field
Gant Gaw

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ  စစ်ကောင်စီတပ် ခလရ (၅၀) က မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေကနေ လယ်ယာသုံး ဓာတ်မြေဩဇာတွေ တင်ဆောင်ခွင့်မပြုတာကြောင့် ဒေသခံ‌ တောင်သူတွေ အခက်တွေ့နေရတယ်လို့ ပြောပါတယ်။

ဂန့်ဂေါမြို့အဝင်အထွက်  စစ်ကောင်စီစစ်ဆေးရေးဂိတ်က လယ်ယာမြေမှာ ထည့်သွင်းပက်ဖျန်းတဲ့ နိုက်ထရိုဂျင်ပါ ဓာတ်မြေဩဇာတွေကို သယ်ခွင့်မပေးတာကြောင့် ဒေသခံ တောင်သူတွေအနေနဲ့ အခက်တွေ့နေရပြီး အာနိသင်နည်းပါးတဲ့ ဓာတ်မြေဩဇာတွေကိုသာ အသုံးပြုနေရတယ်လို့ ဂန့်ဂေါနယ်က ဒေသခံတဦးက ပြောပါတယ်။

“နိုက်ထရိုဂျင်ပါတဲ့ ဓာတ်မြေဩဇာတွေ၊ သံထည်ပစ္စည်း‌တွေကို အတင်မခံဘူး။ ဘာလို့ သယ်ခွင့်မ‌ပေးလဲဆိုတာတော့ သေချာမသိဘူး။ လယ်ထဲကို အာနိသင်နည်းတဲ့ မြေဩဇာတွေ ပက်ဖျန်းနေရတော့ သီးနှံအထွက်နည်းနိုင်တယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်တွေက စစ်ဆေး‌ရေးဂိတ်တွေမှာ တင်းကျပ်စွာစစ်ဆေးနေပြီး ဆေးဝါး၊ သံထည်ပစ္စည်းတွေနဲ့ သူတို့ သဘောမကျတဲ့ပစ္စည်းတွေ ပါလာရင် သိမ်းယူတာတွေ၊ ကားသမားတွေကို ယာဉ်မောင်းခွင့် ပိတ်သိမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်မှာတော့ စစ်ကောင်စီက မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေကို မထိန်းချုပ်ထားနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့က ဂန့်ဂေါမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး နိုင်ငံတဝန်းမှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024