ယူကရိန်းနိုင်ငံမြို့တော်ကိဗ်ရဲ့ အနောက်ဘက်ဒေသမှာ L-39 လေ့ကျင့်ရေးလေယာဉ် ၂ စင်း တိုက်မိခဲ့ပြီး လေယာဉ်မှူး ၃ ဦး သေဆုံးခဲ့တယ်လို့ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက သြဂုတ် ၂၆ ရက်မှာ အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေထဲမှာ ယူကရိန်းအရာရှိ အန်ဒရီ ပီလ်ရှချီကော့ဗ်ပါဝင်ပြီး သူဟာ တိုင်းပြည်အပေါ် အလွန်ကြီးမားစွာအကူအညီပေးခဲ့သူဖြစ်တယ်လို့ ဇယ်လန်းစကီးရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုပါတယ်။
သေဆုံးသွားတဲ့ လေယာဉ်မှူးတွေရဲ့ မိသားစုအတွက် ဝမ်းနည်းကြေကွဲရကြောင်းလည်း ဇယ်လန်းစကီးက ဖြည့်စွက်ပြောဆိုပါတယ်။
"ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်သော ကောင်းကင်ယံမှာ ခုခံကာကွယ် ပေးခဲ့သူတိုင်းကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘူး" ဆိုပြီး ယူကရိန်းသမ္မတက မှတ်ချက်ပေးပါတယ်။
အနောက်မဟာမိတ်နိုင်ငံတွေက အကူအညီပေးဖို့ ကတိပြုထားတဲ့ F-16 တိုက်လေယာဉ် ၆၁ စင်းကို ယူကရိန်းလေယာဉ်မှူးတွေ ကိုယ်တိုင်ပျံသန်းနိုင်ဖို့အတွက် လေ့ကျင့်နေခဲ့ကြတာ ဖြစ်ပါတယ်။
ယူကရိန်းအလယ်ပိုင်း ဇိုင်းတိုမီယာဒေသမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်တယ်လို့ လေတပ်က ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters