ကစားသမားတယောက်လျော့နဲ့ကစားရပေမဲ့ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာက အပြင်းအထန်ကြိုးစားမှုရဲ့ ရလဒ်ဖြစ်တယ်လို့ လီဗာပူးတိုက်စစ်မှူးနူညက်ဇ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန် ၂၅ မိနစ်မှာ ဦးဆောင်ဂိုးပေးလိုက်ရပြီး ပွဲချိန် ၂၈ မိနစ်မှာ နောက်ခံလူဗန်ဒိုက် ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေမှာ တယောက်လျော့နဲ့ ကစားခဲ့ရတာပါ။
ဒါပေမဲ့ ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး နူညက်ဇ်က ၈၁ မိနစ်နဲ့ ၉၃ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး နယူးကာဆယ်ကို အနိုင်ယူခဲ့တာပါ။
ဒီနိုင်ပွဲဟာ အပြင်းအထန်ကြိုးပမ်းကစားခဲ့ခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပြီး နှစ်ဂိုးသွင်းပြီး အသင်းကို ကူညီနိုင်ခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်မိကြောင်း နူညက်ဇ်က ပွဲအပြီးမှာပြောပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒ်ဟောက်ကတော့ လီဗာပူးက တန်ပြန်တိုက်စစ်ကောင်းမွန်တဲ့အ သင်းဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေလည်းရှိတာကြောင့် အန္တရာယ်ရှိမှန်းကြိုတင်သိရှိခဲ့ပေမဲ့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာက မျှော်လင့်ချက်ပေးသလိုဖြစ်ခဲ့ရကြောင်း ပြောသွားပါတယ်။
photo-Reuters