ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံတောင်ဘက်က အခက်ခဲဆုံး ရုရှားကာကွယ်ရေးမျဉ်းကို ဖြတ်ကျော် သွားပြီလို့ ယုံကြည်ကြပြီး အခု ပိုမိုမြန်မြန် ချီတက်နိုင်တော့မယ်လို့ ယူကရိန်း တောင်ပိုင်းမှာရှိတဲ့ တိုက်ခိုက်ရေးတပ်မှူး တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်းဟာ ဇွန်လမှာ တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပေမယ့် ရုရှားကာကွယ်ရေးလိုင်းတွေကလည်း မိုင်းကွင်းတွေနဲ့ အားဖြည့်ရင်း ကောင်းကောင်း ပြင်ဆင်ထားခဲ့ တာပါ။
ဒါကြောင့် ယူကရိန်းရဲ့ ထိုးစစ်ဟာ အာဇို့ဗ်ပင်လယ်ဆီထိ တောင်ပိုင်းထိုးစစ်ကို နှေးကွေးစေ ခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ တောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာ ဒေသမှာရှိတဲ့ ရိုဘို့တိုင်းမ် ရွာမှာ နိုင်ငံတော် အလံကို သြဂုတ် ၂၃ ရက်က လွှင့်တင်ခဲ့တယ်လို့ ယူကရိန်းတပ်ဖွဲ့တွေက ပြောခဲ့ပါတယ်။
ရိုဘို့တိုင်းမ်ရွာဟာ အာဇို့ဗ် ပင်လယ်ကမ်းရိုးတန်းက ဘာဒန့်စ်ခ်ဆိပ်ကမ်းကနေ ၆၂ မိုင်၊ မဟာဗျူဟာကျတဲ့ မေလစ်တိုပိုမြို့ကနေ ၅၃ မိုင် ကွာဝေးပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစတဲ့ ရုရှားရဲ့ လုံးလုံးလျားလျား ကျူးကျော်မှုအပြီးမှာ ဒီမြို့ ၂ မြို့စလုံးကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
Source/Photo-Reuters