ဗြိတိသျှပြတိုက်မှာ စုဆောင်းထားတဲ့ပစ္စည်းတွေ အခိုးခံရမှုနဲ့ပတ်သက်လို့ ပြတိုက်ရဲ့ စုံစမ်းစစ်ဆေးမှု ပျက်ကွက်ခဲ့ကြောင်း ပြတိုက်ရဲ့ညွှန်ကြားရေးမှူး ဟာ့တွစ်ဖှစ်ရှာက ဝန်ခံခဲ့ပြီးနောက်မှာ ဒီဖြစ်ရပ် အတွက် ချက်ခြင်းတာဝန်ယူတဲ့အနေနဲ့ ရာထူးမှ နုတ်ထွက်ကြောင်း သြဂုတ် ၂၅ ရက်မှာ ပြောကြား ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဗြိတိသျှပြတိုက်ကနေ ခိုးယူခံရတဲ့ အဖြစ်အပျက်တွေနဲ့ စုံစမ်းစစ်ဆေးမှု တွေကို အသေးစိပ် ပြန်သုံးသပ်နေကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗြိတိသျှပြတိုက်ဟာ ဖြစ်သင့်သလောက်ကို ကျယ်ကျယ်ပြန့်ပြန့် မတုံ့ပြန်ခဲ့ဘူး ဆိုတာ ထင်ရှား နေတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်မှု အများဆုံးထဲက တခုဖြစ်တဲ့ ဗြိတိသျှပြတိုက်ရဲ့ ဘီစီ ၁၅ ရာစုမှ အေဒီ ၁၉ ရာစုအထိ ရွှေလက်ဝတ်ရတနာတွေနဲ့ ကျောက်မျက်ရတနာတွေ အပါအဝင် ပစ္စည်းတွေ ဟာ ပျောက်ဆုံး၊ ခိုးယူ သို့မဟုတ် ပျက်စီးနေတာကို တွေ့ရှိပြီးနောက်မှာ ပြတိုက်ဝန်ထမ်း တယောက်ကို ထုတ်ပယ်ခဲ့ကြောင်း ဗြိတိသျှပြတိုက်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters