စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေကို ဘုတလင်သင်္ချိုင်းမှာ ဩဂုတ် ၂၅ ရက် မနေ့က သင်္ဂြိုလ်ခဲ့တယ်လို့ ဘုတလင်ဒေသခံတွေဆီကနေ သိရပါတယ်။
ဩဂုတ် ၂၄ ရက်နေ့က နေ့ခင်းပိုင်းက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တာပါ။
ဘုတလင်ဒေသခံတယောက်က “တိုက်တာကတော့ ဘယ်အဖွဲ့က တိုက်ခိုက်တယ် လို့တော့ အတိကျမသိဘူး။ ချတာကတော့ ဗုံးသီးက ၂ လုံးချ တိုက်သွားတာ။ ဗုံးသီးကလည်း အတော်ကောင်းတယ်။ ပေါက်ကွဲတဲ့အသံကိုက မြေကြီးတွေပါ တုန်သွားတယ်။ အဲဒီဗုံးချခံရပြီး သေတဲ့အလောင်းတွေကို ဘုတလင်ဆေးရုံထဲက ရေခဲတိုက်မှာထားပြီး ဒီနေ့(ဩဂုတ် ၂၅) မှ သင်္ဂြိုလ်တာတွေ လုပ်နေကြတယ်ဗျ။ သူတို့သင်္ဂြိုလ်တဲ့နေရာကို ဘယ်သူတဦးတယောက်မှ ဖြတ်သန်းတာမလုပ်ရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် မရယူနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေကတော့ ဩဂုတ် ၂၄ ရက် နေ့ခင်းဗိုင်းမှာ ဘုတလင်ထွေအုပ်ရုံးပေါ်ကို ဗုံးသီး ၁ လုံးနဲ့ ညနေ ၄ နာရီလောက်မှာ OSS ရုံးပေါ်ကို ဗုံးသီး ၁ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။