နိုက်ဂျာနိုင်ငံမြို့တော် နီယာမေရှိ ပြင်သစ်စစ်အခြေစိုက်စခန်းရှေ့မှာ သြဂုတ် ၂၅ ရက်က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ တပတ်အတွင်း အနောက်အာဖရိကနိုင်ငံကနေ မထွက်ခွာရင် အဆောက်အအုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။
ဇူလိုင် ၂၆ ရက်က အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံအမတ်ကို ၄၈ နာရီအတွင်း နိုင်ငံတွင်းမှ ထွက်ခွာဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ဆန္ဒပြသူတွေ လာရောက် ဆန္ဒပြ သတိ ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုက်ဂျာနိုင်ငံကနေ သံတမန်တွေကို နှင်ထုတ်တာဟာ အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အနောက်အုပ်စုကြား ဆက်ဆံရေး ပိုမိုယိုယွင်းလာနေတဲ့ လက္ခဏာဖြစ်ပါတယ်။
မကြာသေးမီက အာဏာသိမ်းခဲ့တဲ့ ဘာကီနာဖှာဆိုနဲ့ မာလီနိုင်ငံတို့လိုပဲ ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တိုးလာနေချိန်မှာ နိုင်ဂျာမှာလည်း စစ်တပ်က အာဏာသိမ်းယူ လာတာဖြစ်ပြီး ဥရောပ နိုင်ငံဟာ သူတို့ရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်တယ်လို့ ဒေသခံတချို့က ဝေဖန်ခဲ့ကြပါတယ်။
နိုက်ဂျာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ယူရေနီယံ ထုတ်လုပ်သူနိုင်ငံတခုအဖြစ် ဗျူဟာမြောက် အရေးပါမှု ရှိတဲ့အပြင် အနောက်အာဖရိကဒေသတွင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွေကို တိုက်ထုတ်ရာမှာ ကူညီပေးနေတဲ့ ပြင်သစ်၊ အမေရိကန်နဲ့ တခြား နိုင်ငံခြားတပ်ဖွဲ့တွေအတွက် အခြေစိုက်စခန်း တခု လည်း ဖြစ်ပါတယ်။
Source/Photo-Reuters