Home
မြန်မာသတင်း
မိုးကောင်းတွင် ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးကို စစ်တပ်ကဖမ်းဆီး
DVB
·
August 26, 2023
371076524_314812321015675_7701789353102722298_n

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ သြဂုတ် ၂၅ ရက် မနက်ပိုင်းက အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိုးတန်းရပ်ကွက် ကားဂိတ်နားမှာရှိတဲ့ ကချင်ရိုးရာ စားသောက်ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အသက် ၁၂ နှစ်အရွယ် ကလေးရဲ့ မိသားစုဝင် ၄ ယောက်နဲ့ ဆိုင်မှာလာရောက်စားသောက်နေသူတယောက်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

၁၂ နှစ်အရွယ်ယောကျ်ားလေးနဲ့ နောက်ထပ်အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတယောက်က ပြောပါတယ်။

မိုးကောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနားမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီးနောက်ပိုင်း  စစ်ကောင်စီတပ်က ဒေသခံလူငယ် ၇ ယောက် ထက်မနည်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖမ်းဆီးထားပါသေးတယ်။

ဩဂုတ် ၁၉ ရက်နေ့က မိုးကောင်းမြို့၊ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းနားမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီးနောက် မြို့တွင်းလုံခြုံရေးကို တင်းကြပ်ပြီဂ စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024