ဒဏ်ရာရရှိခဲ့လို့ အနားယူနေရတဲ့ အာဆင်နယ် တိုက်စစ်မှူး ဂျေဆုဟာ ပွဲကစားဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း နည်းပြအာတေတာက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး ကာလရှည်အနားယူရလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ကြပေမဲ့ အမြန်ဆုံးပြန်လည် ကေင်းမွန်လာခဲ့တာပါ။
အာဆင်နယ်ဟာ စနေနေ့ ည ၈ နာရီခွဲမှာ ဖူဟမ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပါ။ ဂျေဆုအနေနဲ့ ပွဲထွက်ကစားဖို့ အဆင်သင့်ရှိပေမဲ့ ပွဲစကတည်းက ပါဝင်နိုင်မလားဆိုတာ မသိရှိနိုင်သေးကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဂျေဆုဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အဖွင့်နှစ်ပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။