ကော့စ်တာရီကာနိုင်ငံတောင်ပိုင်းရှိ တောင်ပစိဖိတ် ကမ်းရိုးတန်းတလျှောက် ကိုကင်း ၂ တန်ကျော်ကို တင်ဆောင်လာတဲ့ သင်္ဘောတစင်းကို ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့အတူ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ သြဂုတ် ၂၂ ရက်က ဗဟိုအမေရိကနိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ အကွာမှာ ရေငုပ်သင်္ဘောတစီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း ကော့စ်တာရီကာ လုံခြုံရေးဝန်ကြီး မာရီယို ဇာမိုရာက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးမှာ လူ ၃ ဦးကို ဖမ်းဆီးထားပြီး ဖမ်းမိထားသူတွေဟာ အီကွေဒေါနိုင်ငံသား နှစ် ယောက်နဲ့ ကိုလံဘီယာတယောက်တို့ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
သူတို့တွေကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှုနဲ့ လက်ဝယ်ရှိမှုတို့အတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီမူးယစ်ဆေးဝါးတင်ပို့မှုဟာ ကိုလံဘီယာမှ ကော့စ်တာရီကာကို ထွက်ခွာခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအရ ဖြစ်နိုင်ခြေရှိတဲ့ ကောက်ချက် နှစ်ခုရှိကြောင်း လုံခြုံရေးဝန်ကြီး ဇာမိုရာက ပြောပါတယ်။
တခုက မူးယစ်ဆေးဝါး ပြန်တင်ပို့ဖို့အတွက် ကော့စ်တာရီကာကို ပလက်ဖောင်းတခုအဖြစ် သုံးဖို့နဲ့ အထူးသဖြင့် ဥရောပနဲ့ အမေရိကကို မူးယစ်ဆေးဝါးတွေ တင်ပို့ရောင်းချမှုတွေအတွက် ဖြစ်နိုင်ကြောင်းလည်း ပြောသွားပါတယ်။
Source - Reuters